အလှပြင်ရာမှာ အသုံးပြုရတဲ့အရာတွေ ဘာကြောင့်သန့်ရှင်းဖို့လိုအပ်တာလဲ။
25-Feb-2017
မိတ်ကပ်လိမ်းချယ်ရာမှာ အသုံးပြုရတဲ့ ရေမြှုပ်တွေ၊ စုတ်တံတွေနဲ့ သင့်လက်ချောင်းတွေမှာ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်ပြီး သင့်ကိုအလွယ်တကူ ကူးစက်နိုင်တာကြောင့် သန့်ရှင်းစွာထားဖို့ လိုပါတယ်။ မိတ်ကပ်ခြယ်သရာမှာ အသုံးပြုတဲ့ ဘရပ်ရှ်တွေက စိုစွတ်နေတာကြောင့် ဘက်တီးရီးယား ကူးစက်မှုအများဆုံးပါ။
အပူနဲ့ထိတွေ့တာက မိတ်ကပ်မှာပါဝင်တဲ့ ဘက်တီးရီးယားတွေက မပေါက်ဖွားနိုင် အောင် ကာကွယ်ပေးထားတဲ့ တာရှည်ခံစေတဲ့အရာတွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် အလှပြင်ပစ္စည်း ထားသိုတဲ့နေရာက နေရောင်ခြည်တိုက်ရိုက်ကျရောက်တဲ့နေရာ၊ အပူရနိုင်တဲ့ နေရာမျိုးတွေ မဖြစ်သင့်ပါဘူး။
သင့်မျက်လုံးမှာ ပိုးဝင်ပြီး နီရဲနေပါက မျက်တောင်ကော့ဆေး အပါအဝင် မျက်ဝန်းတစ်ဝိုက်ကို ခြယ်သထားတာမျိုးမပြုသင့်ပါ။ သင်အသုံးပြုနေတဲ့ အလှပြင်ပစ္စည်းတွေမှာ ပိုးဝင်ကူးစက်နေတယ်လို့ သံသယရှိပါက ဆက်လက်အသုံးမပြုသင့်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.285, April 2016, Pg.109
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

